Award Terms and Conditions

(Elite Express)

Elite Mobile Application မှ Award ကို အသုံးပြုသူများသည် ဖော်ပြထားသော စည်းမျဥ်းစည်းကမ်းများနှင့် သက်မှတ်ချက်များကို လက်ခံသဘောတူသည်ဟု သတ်မှတ်ပါသည်။

1. စာရင်းပေးသွင်းခြင်း

  1. Award အား Elite Mobile Application ကို အသုံးပြုခြင်းဖြင့် အလိုအလျှောက်ရရှိနိုင်မည်ဖြစ်ပါသည်။
  2. Award App အား iOS နှင့် Android နှစ်မျိုးလုံးတွင် အသုံးပြုနိုင်ပြီး App store နှင့် Google play store တို့တွင် အလွယ်တကူ Download ပြုလုပ်နိုင်ပါသည်။
  3. စာရင်းပေးသွင်းရာတွင် နိုင်ငံသားစီစစ်ရေးကဒ်အမှတ် နှင့် မှတ်ပုံတင်ထားသော Mobile Sim နံပါတ်ကို ဖြည့်စွက်ရမှာဖြစ်ပါသည်။ ဤအချက်အလက်များကို တောင်းခံရခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့အနေနဲ့ လူကြီးမင်းတို့၏ အကောင့်အချက်အလက်များ ပျောက်ဆုံးခြင်း ဒါမှမဟုတ် အကောင့်ပိတ်လိုတဲ့အခါမျိုးမှာ မှန်ကန်ကြောင်းအတည်ပြုနိုင်ရန်အတွက်ဖြစ်ပါသည်။
  4. လူကြီးမင်း၏ Mobile Sim နံပါတ်အား မှန်ကန်စွာ ဖြည့်သွင်းပြီးပါက Password (လျှို့ဝှက်နံပါတ်) ကို သတ်မှတ်ခိုင်းမည်ဖြစ်ပါသည်။ လူကြီးမင်း၏ Password နံပါတ်ကို လျှို့ဝှက်ထားရန်မှာ လူကြီးမင်းမှာသာ တာဝန်ရှိပါသည်။
  5. လူကြီးမင်းအနေဖြင့် Mobile Sim ကဒ်တစ်ခုကို အကောင့်တစ်ခုသာ ဖွင့်နိုင်မည်ဖြစ်ပါသည်။
  6. အကောင့်တစ်ခုမှ အခြား အကောင့် တစ်ခုသို့ Point လွှဲပြောင်းခြင်းများ ပြုလုပ်ပေးမည်မဟုတ်ပါ။

2. Point ရရှိခြင်း

  1. Elite Mobile Application ထဲမှ Award Rewards ကိုအသုံးပြု၍ Elite ခရီးစဥ်လက်မှတ်များကို ဝယ်ယူခဲ့သည့် Transation များကို လည်းကောင်း၊ လက်မှတ်များဝယ်ယူရာတွင် ရရှိခဲ့သည့် Point များကို လည်းကောင်း စစ်ဆေးနိုင်မည် ဖြစ်ပါသည်။
  2. လက်မှတ်ဝယ်ယူသည့်တန်ဖိုး၏ (၅) ရာခိုင်နှုန်းအား Point အဖြစ် ပြန်လည်ရရှိမည်ဖြစ်ပြီး (၁)Point တန်ဖိုးမှာ မြန်မာငွေ (၁)ကျပ် ဖြစ်ပါသည်။
  3. Elite Mobile Application မှဝယ်ယူသော ခရီးစဥ်လက်မှတ်များအတွက် Point များကို အလိုလျှောက် ရရှိနိုင်မှာဖြစ်ပါသည်။ အခြားသောနေရာများမှဝယ်ယူသော လက်မှတ်များအား ယခု Rewards Point စုဆောင်းခြင်း အစီစဥ်တွင် ပါဝင်ခွင့်ရရှိနိုင်မည် မဟုတ်ပါ။
  4. Award Point များကိုအသုံးပြုပြီး ပြန်လည်ဝယ်ယူမှုများအတွက် Point ပြန်လည်ရရှိနိုင်မည်မဟုတ်ပါ။

3. Point များအားပြန်လည်အသုံးပြုခြင်း

  1. Award Point များကို Award မှ သတ်မှတ်ထားသော Gift Voucher ပမာဏများနှင့် လဲလှယ်ပြီး Elite ခရီးစဥ်လက်မှတ်များကို ဝယ်ယူနိုင်မည် (သို့) သတ်မှတ်ထားသောလက်ဆောင်ပစ္စည်း ဖြင့် လဲလှယ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ သို့ရာတွင် Point များအား ငွေသားဖြင့် ပြန်လည်လဲလှယ်ခွင့် မရနိုင်ပါ။
  2. Award မှ စည်းမျဥ်းစည်းကမ်းနှင့် အကျိုးခံစားခွင့်များအားတစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အားလုံးသော်လည်းကောင်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲအချိန်မရွေးပြုပြင်ပြောင်းလဲနိုင်ပါသည်။

4. Account ပျက်ခြင်း နှင့် ပြန်လည်လျှောက်ထားခြင်း

  1. Mobile Sim ကဒ်ပျောက်ဆုံးခဲ့လျှင် Call Center သို့ချက်ချင်း ဖုန်းခေါ်ဆို၍ App အသုံးပြုမှုအား ယာယီပိတ်သိမ်း ပေးရန် အကြောာင်းကြားပေးရပါမည်။ သို့ရာတွင် Call Center မှ မေးမြန်းချက်များအား မှန်ကန်စွာ ဖြေကြားပေးရန်လိုအပ်ပါသည်။
  2. ပျောက်ဆုံးသွားသော Mobile Sim ကဒ် ပြန်လည်ရရှိချိန်တွင် Call Center သို့ ပြန်လည်ကြောင်းကြားပေးရမည် ဖြစ်ပြီး ယာယီပိတ်သိမ်းထားသော Account အား ပြန်လည် အသုံးပြုနိုင်ရန်ဖွင့်ပေးသွားမည်ဖြစ်ပါသည်။
  3. Call Center မှ Mobile ကဒ်ပျောက်ဆုံးမှု သတင်းပို့ချက်အား လက်ခံရရှိပြီး ကဒ်အား ယာယီမပိတ်သိမ်းမှီအချိန် အတွင်း ဖြစ်ပေါ်လားသော ကိစ္စအဝဝသည် ကဒ်ကိုင်ဆောင်သူ၏ တာဝန်သာဖြစ်ပါသည်။
  4. အကြောင်းအမျိုးမျိုးကြောင့် လျှို့ဝှက်နံပါတ်ကို မေ့လျော့ခဲ့ပါက Forgot Password ကို နှိပ်ပြီး လူကြီးမင်း၏ Mobile Sim နံပါတ်သို့ ပေးပို့မည့် Password Number ကိုပြန်လည်ရယူနိုင်မည် ဖြစ်ပါသည်။

5. Award အသုံးပြုနိုင်ခြင်း

  1. Award မှ အကောင်းဆုံးဝန်ဆောင်မှုများပေးရန် ရည်ရွယ်ထားသော်လည်း Award ၏ ဝန်ဆောင်မှုသည် လူကြီးမင်း၏ လိုအပ်ချက်များ နှင့် အပြည့်အဝ ကိုက်ညီလိမ့်မည် ဟု ကတိမပေးနိုင်ပါ။ Award အနေဖြင့် အမှားအယွင်း ကင်းလိမ့်မည်ဟုလည်း အာမမခံပါ။ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်ပေါ် ခဲ့ပါက Call Center သို့ အချိန်မ‌ရွေး ဆက်သွယ်နိုင်ပြီး ကျွန်ုပ်တို့အနေဖြင့် လိုအပ်ချက်များကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
  2. ပြင်ဆင်မှုများနှင့် လိုအပ်သည့် စက်ကိရိယာများ တပ်ဆင်မှုများအတွက် တစ်ခါတစ်ရံတွင် Award အသုံးပြုမှုကို ယာယီ ရပ်ဆိုင်းထားခံရနိုင်ပါသည်။ ဤအစီစဥ်များကို သုံးစွဲသူများအတွက် အဆင်မပြေမှုအနည်းဆုံး ဖြစ်မည့်အချိန်ကိုသာရွေးချယ်ပြီး ပြုလုပ်သွားမည့်အတွက် စိတ်ချစွာသုံးစွဲနိုင်ပါသည်။

6. အကောင့် ပိတ်သိမ်းခြင်း

  1. စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း။
  2. Elite Mobile Application ထဲမှ Award အားအသုံးပြု၍ Point များအား လိမ်လည်ရယူခြင်း။
  3. Award ၏ Point စုဆောင်းခြင်းအစီအစဥ်အား မရိုးသားသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနေသည်ဟု ယုံကြည်ရလောက်သည့်အကြောင်းပြချက်ရှိခြင်း။
  4. Award ၏ Point စုဆောင်းခြင်းအစီအစဥ်အသုံးပြုရင်း တရားဥပဒေချိုးဖောက်ခြင်း၊ ကောင့်ပိတ်သိမ်း ခံရပါက စုဆောင်းထားသော Point များနှင့် အကျိုးခံစားခွင့်များအားဆက်လက်အသုံးပြုနိုင်ခွင့်ရရှိမည် မဟုတ်ပါ။
  5. Award Terms and Conditions နှင့်ပတ်သက်ပြီး အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ခဲ့ပါက Award ၏ အဆုံးအဖြတ်သည် အတည်ဖြစ်သည်။

7. ဆက်သွယ်ရန်

သိလိုသည့်အကြောင်းအရာများရှိပါက အောက်ပါ လိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

Elite Express Public Company Limited

No. (171/A), Quarter (1), No.3 Main Road, Mingalardon Township, Yangon Division, Myanmar.

Mobile: +959977838311 (call center)

Mail: [email protected]

By clicking 'Accept' you are agreeing to our terms and conditions. Accept