Elite Express ၏ ခရီးစဉ်များကို http://www.eliteexpressmyanmar.com မှတစ်ဆင့်
Online Payment စနစ်နှင့် လက်မှတ် ကိုယ်စားလှယ်များထံမှ
အလွယ်တကူ ဝယ်ယူနိုင်ပါပြီ …
About us
Elite Express အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို ၂၀၁၁ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ရာ ယခုဆိုလျှင် (၁၁) နှစ်တိုင်ပြည့်ခဲ့ပြီဖြစ်ပါသည်။
မြို့ကြီးများသို့ ခရီးစဉ်များတိုးချဲ့ပြေးဆွဲခြင်း ၊ နိုင်ငံတကာ အဆင့်မှီ Scania ၊ SC Neustar အမျိုးအစား ခရီးသွားယာဉ်အသစ်များ ဝယ်ယူတိုးမြင့်ခြင်း ၊ ခရီးသည်များကိုနွေးထွေးပျူငှာစွာဖြင့် လုံခြုံစိတ်ချရမှုအပြည့်အဝဖြစ်သော ဝန်ဆောင်မှုများပေးနိုင်ရန် ဝန်ထမ်းများကို သင်တန်းများပို့ချပေးခြင်း ၊ ခရီးသွားပြည်သူများ လျင်မြန်လွယ်ကူစွာဖြင့် ခရီးစဉ်လက်မှတ်များအား elite express ဂိတ် များ၊ အေးဂျင့်ဂိတ်များနှင့် online စနစ်တို့မှ ဝယ်ယူရရှိနိုင်ရန်အွန်လိုင်းဝန်ဆောင်မှုများ တိုးမြှင့်ပေးခြင်းများဖြင့် ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ်ကြိုးစားခဲ့ရာ မြို့ပေါင်း (၂၅) မြို့ နှင့် ယာဉ်စီးရေပေါင်း Scania (၁၀၈) စီး ၊ SC Neustar (၆) စီးတို့ဖြင့်ပြေးဆွဲနိုင်ခဲ့ပြီး နေ့စဉ် ခရီးသည်ပေါင်း (၂၀၀၀) ခန့် တို့ကို စီးပွားရေး လူမှုရေး လမ်းပန်းဆက်သွယ်ရေး ကုန်စည်ပို့ဆောင်ရေး အခက်အခဲများအတွက် ကူညီဆောင်ရွက်ပေးနိင်သော အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကြီးအဖြစ် ယနေ့ထိတိုင်ဂုဏ်ယူစွာရပ်တည်နေနိုင်အောင် ပြုလုပ်ပေးပါသော ခရီးသွားဧည့်သည်တော်လူကြီးမင်းများ နှင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးနေသော ဝန်ထမ်းများကို အမြဲကျေးဇူးတင်လျက် ~~~~
Elite Express အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း